ဥ - ဝစ်ရှင်နရီ (original) (raw)

အူဦး နှင့် ကိုလည်း ကြည့်ပါ။

  1. ဗမာ သရအက္ခရာ အု

(u.)

  1. ဝမ်းတွင်းရှိဥကိုအပြင်သို့ထွက်စေသည်။
    ဥအများဆုံးဥသော ကြက်မများ၏ ဥများကို၊ စွယ်ကျမ်း၊ ၂။ ၁၅၉။

(u.) (ရေတွက်ပုံ လုံး)

  1. အပင်၏အမြစ်ဖု၊ ပင်စည်ဖု။
    ပိန်းဥများဥနေကြပြီ။ ဓားတောင်။ ၃၂၉။

(u.)

  1. ကြက်၊ ငှက်၊ မြွေ၊ ငါးစသည်တို့မှဖြစ်သော မျိုးဆက်ဖြစ်သည့် အလုံးအဝန်း။
    ကြက်ဥ(၁)လုံးဝယ်ခဲ့သည်။

(u.)

  1. မြန်မာသင်ရိုးသရဆယ့်နှစ်လုံးတွင်အပါအဝင်ဖြစ်သောငါးလုံးမြောက်သရ။ အက္ခရာအုဟုခေါ်သည်။ သင်္ကေတမှာတစ်ချောင်းငင်ဖြစ်သည်။
    မြန်မာသင်ရိုးသရဆယ့်နှစ်လုံးတွင်ဥသရသည်တစ်လုံးအပါအဝင်ဖြစ်သည်။