ဗဟိုစာမျက်နှာ (original) (raw)

ဗဟိုစာမျက်နှာ

အထူးအကြောင်းအရာ

ဂရိဒဏ္ဍာရီ သည် ရှေးခေတ်ဂရိလူမျိုးများ မူလအနေဖြင့် ပြောဆိုခဲ့ကြသော ဒဏ္ဍာရီ အစုအဝေးတစ်ခုဖြစ်၍ ရှေးဂရိရိုးရာပုံပြင်ဇာတ်လမ်း အမျိုးအစားတစ်ခုလည်းဖြစ်သည်။ ဤဇာတ်လမ်းပုံပြင်များတွင် ကမ္ဘာလောက၏ မူလအစနှင့် သဘောသဘာဝ၊ နတ်ဘုရားများ၊ သူရဲကောင်းများ၊ ဒဏ္ဍာရီလာသတ္တဝါများ စသည်တို့၏ ဘဝနှင့် ဆောင်ရွက်မှုများ၊ ရှေးခေတ်ဂရိလူမျိုးတို့၏ ကိုယ်ပိုင်ယုံကြည်ကိုးကွယ်မှုနှင့် ရိုးရာဓလေ့ကျင့်ထုံးတို့၏ မူလဇာစ်မြစ်များနှင့် အရေးပါမှုတို့ ပါဝင်ကြသည်။ ရှေးဂရိလူမျိုးတို့၏ ဘာသာရေး၊ နိုင်ငံရေး အလေ့အထများနှင့် ၎င်းတို့၏ လူမှုယဉ်ကျေးမှုဆိုင်ရာများကို မီးမောင်းထိုး ဖော်ပြရန်နှင့် ဒဏ္ဍာရီဖြစ်ပေါ်လာခြင်း (ပုံပြင်များစွာမှ ကိုယ်တိုင် ဒဏ္ဍာရီဖန်တီးခြင်း/ဖြစ်ပေါ်သွားခြင်း) သဘောသဘာဝကို နားလည်ရန်အလို့ငှာ ခေတ်သစ်ပညာရှင်များက ဒဏ္ဍာရီများကို လေ့လာကြသည်။

၁၈ ရာစု ဘီစီ (ဘီစီ ၁၈၀၀) မှ ဖြစ်နိုင်ခြေအများဆုံးမှာ မိုက်ဆီးနီးယန်လူမျိုး နှင့် မစ်နိုးယန်လူမျိုး သီဆိုသူများ၏ နှုတ်တက် ကဗျာလင်္ကာရွတ်ဆိုမှု ဓလေ့များမှ မူလအရင်းခံသဘောအားဖြင့် ပြန့်ပွားလာခဲ့ကာ အဆုံးသတ်၌ ထရိုဂျန်စစ်ပွဲနှင့် စစ်ကြီးအပြီးခေတ်က သူရဲကောင်းများနှင့် ပတ်သက်သော ဒဏ္ဍာရီများသည် ဟိုးမား၏ ကဗျာလင်္ကာရှည်များဖြစ်သော အစ်လိယဒ် နှင့် အော့ဒဆီ (ဂရိ - အိုဒိဆီယား)တို့၏ နှုတ်မှုရေးရာ လက်ဆင့်ကမ်းသည့် အလေ့အထတို့၏ အစိတ်အပိုင်းများဖြစ်လာခဲ့ကြသည်။ ဟိုးမားခေတ်နီးပါးကာလက ကဗျာဆရာ ဟီးဆီးယဒ်၏ သီယိုဂန်နီ (ဂရိ - သီယိုဂေါနီးယား) နှင့် 'အလုပ်များနှင့် နေ့ရက်များ' စသည့် ကဗျာကြီးနှစ်ပုဒ်တွင်လည်း ကမ္ဘာဦးကာလအကြောင်းတရားများ၊ တန်ခိုးစွမ်းအားရှိသူ မင်းလုပ်အုပ်စိုးသူများ၊ လူသားခေတ်၊ လူတို့၏ ပူဆွေးသောကဗျာပါဒများ၏ မူလအကြောင်းခံများနှင့် ယဇ်ပူဇော်ခြင်းဆိုင်ရာ ကျင့်ထုံးများ၏ ဇာစ်မြစ်များ ပါဝင်သည်။ ဟိုးမားဓမ္မတေးသီချင်းများ၊ ကဗျာလင်္ကာပေါင်းစုမှ ကဗျာရှည်များ၏ အစိတ်အပိုင်းများ၊ စကားပြောပုံစံရှိ ကဗျာများ၊ ဘီစီငါးရာစုခန့်က အလွမ်း အသောများ ရေးသောဇာတ်ဆရာများ လက်ရာများ၊ ဟဲလင်နစ်စတစ်ခေတ်က ပညာရှင်များနှင့် ကဗျာဆရာများရေးဖွဲ့သော လက်ရာများ၊ ရောမအင်ပါယာခေတ်က ပလူးတာ့ခ် နှင့် ပေါ်ဆန်းနိယာစ် ကဲ့သို့သော စာရေးဆရာများ၏ စာပေများ စသည်တို့တွင် ဒဏ္ဍာရီများကို မပျောက်မပျက်စေရန် ထိန်းသိမ်းထားရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

သတင်းများ

ပေထုံတန် ရှင်နာဝပ်

ပေထုံတန် ရှင်နာဝပ်

ယနေ့ အထူးဓာတ်ပုံ

**ပုသိမ်ထီးလုပ်ငန်း**သည် မြန်မာ့ယဉ်‌ကျေးမှု လက်မှုပညာတစ်ရပ်ဖြစ်သည်။ ထိုပုသိမ်ထီးကို အောက်မြန်မာပြည် ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သော ပုသိမ်မြို့တွင် ဦးရွှေစာ ဟူသော သီပေါမင်း၏ နန်းတော်ထဲတွင် ထီးထုတ်လုပ်သူ ပညာရှင်က စတင်လုပ်ကိုင်ခဲ့သောကြောင့် ပုသိမ်ထီးဟု အမည်တွင်ခဲ့သည်။ ဓာတ်ပုံ။ Proxodimec

ဝီကီပီးဒီးယားအကြောင်း

**ဝီကီပီးဒီးယား**သည် သုံးစွဲသူများက ပူးပေါင်း၍ ရေးသားတည်းဖြတ်သော စွယ်စုံကျမ်းဖြစ်ပါသည်။ ဝီကီဟု ခေါ်သော ဝက်ဘ်ဆိုက် ပုံစံတစ်မျိုးကို အသုံးပြု၍ ပူးပေါင်းရေးသားခြင်းကို အဆင်ပြေစေရန် စီမံထားခြင်း ဖြစ်ပါသည်။ သုံးစွဲသူများမှ နာရီအလိုက် ပြင်ဆင်မှုပေါင်း များစွာကို ပြုလုပ်၍ ဝီကီပီးဒီးယားကို ပို၍ကောင်းမွန်အောင် ဆောင်ရွက်နေကြပါသည်။ မြန်မာဝီကီပီးဒီးယားတွင် ယူနီကုဒ် ၅.၂ စံနှုန်းကို လိုက်နာသော မည်သည့်ဖောင့်အမျိုးအစား နှင့်မဆို ဖတ်ရှုခြင်း၊ တည်းဖြတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။

အကူအညီ

ကဏ္ဍအညွှန်း

ဝီကီပီးဒီးယား၏ ညီအစ်မ ပရောဂျက်များ

ဝီကီပီးဒီးယားကို အကျိုးအမြတ်မယူသည့် ပရဟိတအဖွဲ့အစည်း ဝီကီမီဒီယာ ဖောင်ဒေးရှင်း မှ လွှင့်တင်ပြီး အောက်ပါအခြား ပရောဂျက်များကိုလည်း လွှင့်တင်ထားပါသည်။

ဝီကီပီးဒီးယား ဘာသာစကားများ

ဤဝီကီပီးဒီးယားကို မြန်မာဘာသာဖြင့် ရေးသားထားပါသည်။ ၂၀၀၄ (၂၀၀၄) ခုနှစ်မှ စတင်၍ ယခုအခါ အကြောင်းအရာပေါင်း ၁၀၈၃၉၅ ခုရှိပါသည်။ အခြားဘာသာဖြင့် ရေးသားသော ဝီကီပီးဒီးယားများကိုလည်း ကြည့်ရှုနိုင်ပြီး ဆောင်းပါးအများဆုံးသော ဝီကီပီးဒီးယားများကို အောက်တွင်ဖော်ပြထားပါသည်။